Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ်၌ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားတည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး


22 Oct,2025

တောင်တွင်းကြီး အောက်တိုဘာ ၂၁

            သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပွင့်လှလေး- ပွင့်လှကြီးကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအခြေအနေများကို အောက်တိုဘာလ၂၁ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးနှင့် တာဝန်ရှိသူများ၊ မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦးနှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်လှလေး - ပွင့်လှကြီး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ယင်းမလည်ချောင်း သံကူကွန်ကရစ်တံတား တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

        အဆိုပါ ပွင့်လှလေး-ပွင့်လှကြီးကျေးရွာချင်းဆက်လမ်းပေါ်ရှိ အရှည်ပေ ၆၀၊ အကျယ် ၁၈ ပေရှိ ယင်းမလည်ချောင်း သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုငွေ ငွေကျပ် ၂၉၅ ဒသမ ၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် ပြည့်အောင်ကုမ္ပဏီက ဇွန်လ ပထမပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

             အဆိုပါ ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားဆောင်ရွက်ပြီးစီးပါက ပွင့်လှလေး-ပွင့်လှကြီးကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်