Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟင်္သာတမြို့နယ် ပိတောက်ကုန်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိမ် ထုတ်ချေး


23 Oct,2025

ဟင်္သာတမြို့နယ် ပိတောက်ကုန်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိမ် ထုတ်ချေး 

‎ဟင်္သာတ  အောက်တိုဘာ ၂၃
‎ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍  ပိတောက်ကုန်း ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို အောက်တိုဘာ ၂၂ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကျေးရွာအရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 
‎ရှေးဦးစွာ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်ဆွေဆွေဝင်းမှ  ပိတောက်ကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းမှ ရရှိသော အတိုးငွေများဖြင့် ကျေးရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ၃ ကြိမ် ဆောင်ရွက်ပြီးဖြစ်ရာ ၂၀၂၉_၂၀၂၀ ဘဏ္ဍာနှစ်တွင် အတိုးရငွေနှင့် ပြည်သုထည့်ဝင်ငွေ ကျပ် ၇၀၀ သိန်းဖြင့် ၄၀၀ ဗို့ ဓာါတ်အားလိုင်း ၇၇၀၀ ပေ သွယ်တန်းခြင်း လည်းကောင်း၊  ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျပ် ၁၀၄ သိန်းဖြင့် အရှည်ပေ ၁၀၀၀ ပေ၊ အကျယ် ၁၁ ပေ၊ ထု ခြေက်လက်မ ကွန်က‌ရစ်ဘောင်စီ ချောင်းကျောက်ခင်းခြင်းလုပ်ငန်းလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျပ် ၁၁၅ သိန်း ဖြင့်  ကွန်ကရစ်ဘီးလမ်းခင်းခြင်းလည်းကောင်း အသီးသီးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ အသင်းသားများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ထပ်မံကြိုးစားစေလိုကြောင်း ပြောကြားပြီး ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာနေ ပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဥပဒေ၊နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားသည်။ 
‎ဆက်လက်၍ ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်ဆွေဆွေဝင်း နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။ 
‎ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ပိတောက်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိမ်အဖြစ် စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်သူ ၁၆၆  ဦး ထံသို့ ရန်ပုံငွေ ၄၆၀ သိန်းအား တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်း ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်ဆွေဆွေဝင်းထံမှ သိရသည်။ 
ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်