Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


23 Oct,2025

ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

************************************************************************

သရက်   အောက်တိုဘာ     ၂၃

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ (ပြည်ထောင်စု+တိုင်းဒေသကြီး)ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက် လမ်း၊ တံတားလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အောက်တိုဘာ ၂၂ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ သရက်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်မေမီမီမင်းမြတ်နှင့် တာဝန်ရှိသူများက သရက်မြို့နယ်အတွင်း ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၁၉၆ ဒသမ ၂၈သန်း၊ တိုင်းဒေသ ကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၄၉၆ ဒသမ ၅သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း များ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရန် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

အဆိုပါ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးခြင်းဖြင့် သရက်မြို့နယ်အတွင်း ကျေးရွာ(၁၆)ရွာမှ အိမ်ထောင်စု(၂၃၃၁)စုနှင့် လူဦးရေ(၉၂၉၅) ဦးတို့အတွက် များစွာအထောက်အကူပြုပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်