ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တွန်(စ်ခ်)ပြည်နယ် အမျိုးသားသုတေသနတက္ကသိုလ် (Tomsk State University - TSU) မှ ပါမောက္ခ Mrs. Trifonova Ekaterina Borisovna (ဌာနမှူး၊ နိုင်ငံတကာဆက်ဆံရေးမဟာဌာန) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် (၄)ဦးသည် ပညာရေး၊ နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ရောက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် ပါမောက္ခ၊ ဌာနမှူးများက ကြိုဆိုခဲ့ကြသည်။ ဦးစွာ ပါမောက္ခချုပ် ဦးဆောင်သည့်အဖွဲ့နှင့် ကိုယ်စားလှယ် (၄)ဦးတို့သည် အပြန်အလှန်မိတ်ဆက်၍ တွေ့ဆုံဆွေးနွေးပွဲကို စတင်ခဲ့ပါသည်။ ၎င်းနောက် ပါမောက္ခချုပ်က သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ မှတ်တမ်းဗီဒီယိုအား ပြသခဲ့ပြီး တက္ကသိုလ် (၂)ခု ပူးပေါင်း၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန်ဖလှယ်နိုင်ရေးကိစ္စရပ်များနှင့် ပူးတွဲသုတေသနလုပ်ငန်းများ ဆောင်ရွက် နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တွန်(စ်ခ်)ပြည်နယ် အမျိုးသားသုတေသနတက္ကသိုလ်မှ ပါမောက္ခ Mrs. Trifonova Ekaterina Borisovna က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တွန်(စ်ခ်)ပြည်နယ် အမျိုးသားသုတေသနတက္ကသိုလ် (Tomsk State University - TSU) ၏ နိုင်ငံတကာအဆင့် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပညာရေးနှင့် သုတေသန ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာရှနိုင်ငံများတွင် ပိုမိုအလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်တွင် အာရှနိုင်ငံများမှ တက်ရောက်သည့် ကျောင်းသား ဦးရေ ၅၈% အထိ တိုးများလာပြီဖြစ်ပါကြောင်း၊ အာရှနိုင်ငံများရှိ တက္ကသိုလ်များနှင့်လည်း သဘောတူညီချက်များရေးထိုး၍ နှစ်ဦးနှစ်ဖက်ပူးပေါင်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်တွင် နိုင်ငံပေါင်း (၈၈)နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၁၄၁၇)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်မည့် ဘွဲ့ကြိုနှင့် မဟာဘွဲ့ Program များနှင့် စပ်လျဉ်း၍ တက္ကသိုလ်မှပေးအပ်သော Scholarship Programme များကိုလည်း ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်း မျှဝေပြောကြားခဲ့ပါသည်။ ယင်းနောက် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် ပါမောက္ခ Mrs. Trifonova Ekaterina Borisovna တို့သည် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်