Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇေယျာသီရိမြို့နယ် သစ်တပ်ကလေးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေး


22 Oct,2025

ဇေယျာသီရိမြို့နယ် သစ်တပ်ကလေးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေး

*****************************************************************

နေပြည်တော်  အောက်တိုဘာ     ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သက်နှင်းအင်းကျေးရွာအုပ်စု၊ သစ်တပ်ကလေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို အောက်တိုဘာ ၂၁ရက် နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ လက်စွဲစာစောင်ပါ သတ်မှတ်စည်းမျဉ်း စည်းကမ်းများ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၅၁ ဒသမ ၃သန်း လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သစ်တပ်ကလေးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၆ဦးကို ငွေကျပ် ၂၈ ဒသမ ၃သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင် သူ ၆၀ဦးကို ငွေကျပ် ၂၁သန်း၊  အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ လေးဦးကို ငွေကျပ် နှစ်သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၁၀ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၁ ဒသမ ၃သန်းကို အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်