ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး
************************************************************************
ပွင့်ဖြူ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို အောက်တိုဘာ ၂၁ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးနှင့်အဖွဲ့၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ရှိသူများက လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာ ချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက လုပ်ငန်းများအရည်အသွေးပြည့်မီကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါ လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာချင်းဆက်လမ်း အရှည်ပေ သုံးဖာလုံ၊ အကျယ် ၁၄ပေ၊ ထု ခုနှစ်လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၂၀၅ ဒသမ ၂၂သန်းအသုံးပြု၍ ထားပိုကုမ္ပဏီက ဇူလိုင် ပထမပတ်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၈၀ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက ဒေသခံပြည်သူများ ရာသီမရွေး လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်