တောင်တွင်းကြီးမြို့နယ် ကြီးအင်းကုန်းကျေးရွာ၌ VRFP စီမံကိန်းလုပ်ငန်းများ စစ်ဆေး
တောင်တွင်းကြီး၊ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းတောငယ်ကျေးရွာအုပ်စု၊ ကြီးအင်းကုန်းကျေးရွာ၌ VRFP(ကျေးရွာမတည်ရန်ပုံငွေ) စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတို တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများကကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ ကြီးအင်းကုန်းကျေးရွာ၌ VRFP စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လစဉ်ဖြည့်သွင်းရမည့်ငွေစာရင်းဇယားများစနစ်တကျ ဖြည့်သွင်းထားရှိမှုနှင့် စီမံကိန်းဆိုင်ရာညွှန်ကြားချက်များအတိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ ကြီးအင်းကုန်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်လအထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၁ဦးကို ငွေကျပ် ၂၅၃သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ဦးကို ငွေကျပ် ၁၄၆သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကို ငွေကျပ်၂သိန်း၊ စုစုပေါင်း အသင်းသား၊အသင်းသူ ၁၁၅ဦးကို ငွေကျပ် ၄၀၁သိန်းထိထုတ်ချေးပေးထားကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ပြောပြ၍ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်