Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လွိုင်လင်မြို့၌ အောင်ချမ်းသာအစိုးရဝန်ထမ်း‌ပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ


23 Oct,2025

လွိုင်လင် အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ အောင်ချမ်းသာ အစိုးရဝန်ထမ်း‌ပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး အောင်ချမ်းသာသမဝါယမအသင်း လီမိတက် အမှုဆောင်ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌနှင့် လွိုင်လင်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ တို့က ငွေစုငွေချေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ် နှင့် ဘဏ္ဍာရေးရှင်းတမ်းများ နှင့်နှစ်ချုပ် အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြား ပြီးနောက် အတည်ပြုခြင်းများဆောင်ရွက်ကြသည်။

ထို့နောက် အသင်းသားများ၏ စုဆောင်းငွေပေါ် အတိုးချီးမြှင့်ငွေကျပ် (၂၀၀၂၆၂၀၀) ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပေးအပ်ရာ အသင်းသားကိုယ်စားလှယ်တစ်ဦးက လက်ခံ ရယူပြီး ငွေစုငွေချေးအတိုးမှန်သောအသင်းသားများနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသည့် ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင်ပေးကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်များ ၊ ဌာနဆိုင်ရာများ ၊အမှုဆောင်ဒါရိုက်တာအဖွဲ့များ၊ အသင်းသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး(ပြန်/ဆက်)

ရှမ်းပြည်နယ်

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်