Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

MSME Business Plan နှင့် Food Safety ဆိုင်ရာ သင်တန်းဆင်းပွဲကျင်းပ


23 Oct,2025

နေပြည်တော်၊ အောက်တိုဘာ ၂၂

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် MSME Business Plan/Food Safety Training သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ သင်တန်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ သင်တန်းဆင်းများအနေဖြင့် ယခုသင်တန်းမှတဆင့် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းများမှာ လက်တွေ့အသုံးချနိုင်သည့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အသိပညာများကို ရရှိကြမည်ဟု မျှော်လင့်ပါကြောင်း၊ ရရှိလာသည့် အသိပညာရပ်များကို အသုံးချပြီး မိမိတို့၏ ထုတ်ကုန်ပစ္စည်းများအရည်အသွေးမြင့်မားအောင် ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် အစားအသောက်ထုတ်လုပ်သူတစ်ဦးအနေဖြင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းမှုရှိသော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရေးအတွက် အစားအစာဘေးကင်း လုံခြုံမှု စံနှုန်းများကို နားလည်တတ်ကျွမ်းရမှာဖြစ်ပြီး လက်တွေ့ကျင့်သုံးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ သင်တန်းဆင်းများအနေဖြင့် သင်တန်းမှရရှိခဲ့သော အသိပညာများကို မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်း များတွင် လက်တွေ့ကျကျ အကျိုးရှိအောင် အသုံးချ၍ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ၏ MSMEစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

            ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းနည်းပြများအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်