Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"ကော့သောင်းမြို့နယ် ရွာသာယာကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး"


24 Oct,2025

"ကော့သောင်းမြို့နယ် ရွာသာယာကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး"
   ကော့သောင်း၊အောက်တိုဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၅- ၂၀၂၆ခုဘဏ္ဍာရေးနှစ်တွင် ကော့သောင်း
မြို့နယ်၊ပုလုံးတုံတုံးကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာ၌ Smart village  စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင် ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့
သောင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဝင်း၊ကော့သောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဒေါ်မြယမုံဖူးနှင့် Smart village စီမံကိန်းတာဝန်ခံဝန်ထမ်းများက ၂၀၂၅- ၂၀၂၆ခုဘဏ္ဍာနှစ်တွင် Smart villageစီမံကိန်း  ပံ့ပိုးရန်ပုံငွေကျပ် ၂၃ဒသမ ၅သန်းဖြင့်
ရွာသာယာကျေးရွာတွင်အရှည် ၂၅၀ပေ၊အကျယ် ၁၀ပေ၊အမြင့်ခြောက် လက်မထု အတိုင်းအတာရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုများဖြင့်ကျေးရွာနေပြည်သူလူထုကိုယ်တိုင် ဩဂုတ်လ စတုတ္ထပတ်မှစတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာယခုအခါလုပ်ငန်းများ ၇၅ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီးခရိုင်ဦးစီးမှူးဒေါ်စန္ဒာဝင်း က လုပ်ငန်းများသတ်မှတ်ရက်အတွင်းအချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။ 
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပါက ရွာသာယာကျေးရွာ ရှိ ကျေးရွာသူ၊ကျေးရွာသားများရာသီမရွေး သွားလာရလွယ်ကူလာမည်ဖြစ်ပြီးလူမှုရေး၊ကျန်းမာရေး နှင့်စီးပွားရေးလုပ်ငန်းများတွင်လည်း အကျိုးပြုသွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက ပြောပြ၍သိရသည်။ 
                                                      နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်