Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုင်းတုံမြို့နယ် နမ့်ခင်-နမ့်ခုန်ရေနိမ့်ချောင်းကူးတံတား ဆောင်ရွက်


24 Oct,2025

ကျိုင်းတုံ အောက်တိုဘာ ၂၃

      ကျိုင်းတုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဝမ်အင်-ဝမ်လွမ်း-ဝမ်ကန်- ဝမ်လိန်း-ဘော်ဖာလမ်း(ဝမ်အင်- ဝမ်လွမ်း) ကြား နမ့်ခင်-နမ့်ခုန် ရေနိမ့်ချောင်းကူးတံတားဆောင်ရွက်နေမှုကို အောက်တိုဘာ ၂၂ ရက်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်မျိုး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းလင်းနှင့် မြို့နယ်တာဝန်ခံတို့က နမ့်ခင်- နမ့်ခုန် ရေနိမ့်ချောင်းကူးတံတား အရှည် ပေ ၁၅၀၊ အနံ ၁၇ ပေ (ပထမပိုင်း)လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်သွားနိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။

အောင်ဇင်မြင့်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်