Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လက်မှုအနုပညာပစ္စည်းကဏ္ဍလုပ်ငန်းစီမံချက်အား အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


23 Oct,2025

နေပြည်တော်၊ အောက်တိုဘာ ၂၂

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀)၊ လက်မှုအနုပညာပစ္စည်းကဏ္ဍလုပ်ငန်းစီမံ ချက် (Plan of Action – POA)အား အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အစည်းအဝေးသို့ လက်မှုအနုပညာပစ္စည်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များ၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ် (နည်းပညာ)၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ လက်မှုအနုပညာပစ္စည်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားရာ အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅)၊ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကာလပြီးဆုံးတော့ မည်ဖြစ်၍(၂၀၂၆ - ၂၀၃၀) ကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်  မိမိတို့၏ လက်မှုအနုပညာ ပစ္စည်းကဏ္ဍ (Plan of Action - POA) လုပ်ငန်းစီမံချက်ကို ထပ်မံရေးဆွဲရမည်ဖြစ်ကြောင်း၊ (၂၀၂၀ - ၂၀၂၅) POA တွင်ပါဝင်သည့် လုပ်ငန်းစဉ်များအားလုံးသည် ရေရှည်တွင်လည်း လက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သောကြောင့် (၂၀၂၆ - ၂၀၃၀) POA ၌လည်း ဆက်လက်ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ယခုလုပ်ငန်းစီမံချက်တွင် အသစ်ပါဝင်လာသည့် လုပ်ငန်းများမှာ အစုအဖွဲ့ (၁၀)ခုအတွက် လိုအပ်သောကုန်ကြမ်းများ အလွယ်တကူရရှိနိုင်ရန်၊ လက်မှုလုပ်ငန်းရှင်များအတွက် သက်သာသောအတိုးနှုန်းဖြင့် အထူးချေး‌ငွေ ရရှိနိုင်ရန်၊ ခေတ်မီဒီဇိုင်းများ၊ တီထွင်ဆန်းသစ်မှုဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန်၊ လက်မှုလုပ်ငန်းအတွက် သီးသန့်သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနများ တည်ထောင်ရန်၊ ဈေးကွက်ရှာဖွေရန်အတွက် စီးပွားရေးသံမှူးများမှတစ်ဆင့် လက်မှုထုတ်ကုန်များကို မိတ်ဆက် ပေးရန်၊ အွန်လိုင်းဈေးကွက် Platform များနှင့် အီလက်ထရောနစ် စီးပွားရေးလမ်းကြောင်းများကို အသုံးပြုတတ်စေရန်၊ ပို့ကုန်ဘဏ္ဍာရရှိနိုင်သည့် လမ်းကြောင်းများ၊ ပို့ကုန်ဆိုင်ရာကုန်သွယ်ရေးနှင့် လုပ်ထုံးလုပ်နည်းများကို အသိပညာပေးရန် စသည့်အချက်များအပြင် လက်မှုလုပ်ငန်းဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ရန်လိုအပ်သည့်အချက်များကို သက်ဆိုင်ရာ မဟာ ဗျူဟာဦးတည်ချက်များဖြင့် ကိုက်ညီအောင် ထည့်သွင်းထားပါကြောင်း၊ ထို့ကြောင့် ၂၀၂၆-၂၀၃၀ အတွက် ရေးဆွဲထားသော မဟာဗျူဟာမြောက် ဦးတည်ချက် (၃) ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အချက်များရှိပါက ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပေး ဆွေးနွေးပေးကြရန်နှင့် လက်မှုအနုပညာပစ္စည်းကဏ္ဍ (၂၀၂၆-၂၀၃၀) POA ကိုလည်း အတည်ပြုနိုင်ရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

          ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)က လက်မှုအနုပညာပစ္စည်းကဏ္ဍ၏ လုပ်ငန်းစီမံချက်အား အသေးစိရှင်းလင်းတင်ပြပြီး အဆိုပါလုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ ကော်မတီအဖွဲ့ဝင်များက အသီးသီး ပြန်လည်ဆွေးနွေးတင်ပြ ကြပြီး ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်