Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အုတ်တွင်းမြို့နယ်၌ သမဝါယမဏ္ဍမှ သမဝါယမအသင်းသားတောင်သူများအား မြေပဲမျိုးနှင့်သွင်းအားစုများ ပေးအပ်ပွဲကျင်းပ


23 Oct,2025

အုတ်တွင်း အောက်တိုဘာ ၂၃

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဆောင်းဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည့် အသင်း(၄)သင်း၊ အသင်းသား(၁၉၀)ဦး၏ စိုက်ဧက ၁၀၀၀ အတွက် အသင်းပိုင်အစီအစဉ်ဖြင့် သီးနှံပေါ်ပေးစနစ် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှုန်းနှင့်ညီမျှသော မြေပဲမျိုးနှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ အုတ်တွင်းမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထားထားအေးမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက် ရမည့် စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းများကို ဆွေးနွေးပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက သမဝါယမအသင်းသားတောင်သူများအတွက် မြေပဲမျိုးနှင့် သွင်းအားစုများပေးအပ်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်