Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာယာဝတီမြို့နယ်၌ မိုးစပါးရိတ်သိမ်းမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု


24 Oct,2025

သာယာဝတီ အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူ ဦးနောင်နောင်၏ မိုးစပါးသီးနှံ အောင်နိုင်တိုးမျိုးစပါးရိတ်သိမ်းမှုအခြေအနေအား သာယာဝတီမြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာယာဝတီမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် အသင်း(၅)သင်း၊ အသင်းသားတောင်သူ(၂၃)ဦး၏ မိုးစပါးသီးနှံစိုက်ပျိုးဧက ၂၀၀၀ အနက် တောင်ပန်းဆွဲအုပ်စု၊ တောင်ပန်းဆွဲကျေးရွာရှိ ပုလဲသွယ်(၁)စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ တောင်သူ ဦးနောင်နောင်၏ အောင်နိုင်တိုး (YSR-1)စပါး ဧက ၂၀ ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးတင်းအထွက်နှုန်း တင်း ၁၂၀ ထွက်ရှိခဲ့ကြောင်းနှင့် တာဝန်ရှိသူများက အခြားလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်