Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အုတ်တွင်းမြို့နယ်၌ သမဝါယမကဏ္ဍ အစီအစဥ်ဖြင့်သမဝါယမအသင်းသား တောင်သူများအား ဆောင်းဆီထွက် သီးနှံမြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကျင်းပ" သည့်သတင်း


24 Oct,2025

အုတ်တွင်း အောက်တိုဘာ ၂၄

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်သမဝါယမကဏ္ဍအစီအစဥ်ဖြင့် သမဝါယမအသင်းသားတောင်သူများအား 

ဆောင်းဆီထွက်သီးနှံ မြေပဲပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေပဲမျိုးနှင့်သွင်းအားစု များ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် သည်။

အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထားထားအေးက ဆောင်းဆီထွက်သီးနှံ မြေပဲစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းရရှိစေရေး အတွက်စနစ်တကျဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းများအား ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌဦးကြည်စိုးက ကျေးဇူးတင်စကားပြော ကြားသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်စိုက်ပျိုးရေး/မွေးမြူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက သမဝါယမအသင်း(၄)သင်းမှ အသင်းသားတောင်သူ(၁၉၀)ဦး၏ မြေပဲစိုက် ဧက(၁၀၀၀)အတွက် အသင်းပိုင်အစီအစဥ်ဖြင့် တစ်ဧကလျှင် ငွေကျပ်သုံးသိန်း နှင့်ညီမျှသော မြေပဲမျိုးနှင့်သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီး ဌာနမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်