Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ်၌မိုးစပါးစိုက်ခင်းများတွင် သီးနှံများ အထွက် တိုးစေရေး ဆောင်ရွက်နေမှု အခြေအနေများအာ ကြည့်ရှုစစ်ဆေး


24 Oct,2025

ထားဝယ် အောက်တိုဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ခုနှစ် သမဝါယမကဏ္ဍမှ မိုးစပါး စီမံကိန်းဆောင်ရွက်သည့် ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်၊ အမှတ်-၁၁/၈ ၌ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဟန်စိန်၏ မိုးစပါးစိုက်ခင်းများတွင် သီးနှံများအထွက်တိုးစေရေး ဆောင်ရွက်နေမှုအခြေ အနေများအား ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် ထားဝယ်မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ထို့နောက်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးစပါးစိုက်ခင်းများတွင် ဓာတ်မြေဩဇာများ အချိန်ကိုက် အချိုးကျထည့်သွင်းကြရန်နှင့် ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွား ရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

ငွေဇင်ယော်(ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီး

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်