Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူး မြို့နယ် ပိုက်သင် ကျေးရွာ၌ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


27 Oct,2025

မင်းဘူး မြို့နယ် ပိုက်သင် ကျေးရွာ၌ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်း  လုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး 

‎မင်းဘူး အောက်တိုဘာ ၂၇
‎  မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း ရန်ပုံငွေဖြင့်  ပိုက်သင် ကျေးရွာတွင် ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်း  လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။ 
‎            ထိုသို့ ကွင်းဆင်းရာတွင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးအောင်ကိုကို   နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ပိုက်သင် ကျေးရွာ၌ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်း   လုပ်ငန်းဆောင်ရွက်နေမှု အ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး  ဦးအောင်ကိုကို က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်မှာကြားခဲ့ပြီး  ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 
‎            ပိုက်သင်ကျေးရွာ၌ အလျား ၆၀ ပေ၊ အနံ ၃၆  ပေ၊ အမြင့်  ၁၂ ပေ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်း  လုပ်ငန်းကို Smart Village စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၉၉ သိန်း  နှင့် ပြည်သူထည့်ဝင်ငွေ ကျပ် ၅၃၆  သိန်း ၊ စုစုပေါင်းငွေကျပ် ၇၃၅  သိန်း  ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာ ပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ/ကျေးရွာသားများ ကိုယ်တိုင်   ယခုနှစ် ဩဂုတ် လ  ၁၉  ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း‌ ဆောင်ရွက်မှုမှာ ၇၅ ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း မင်းဘူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးအောင်ကိုကို ထံမှသိရသည်။ 
‎ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်