မကွေး အောက်တိုဘာ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးက ကြီးမှူးကျင်းပသော ဘဏ္ဍာရေးဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ဘဏ္ဍာရေးဆိုင်ရာ(မွမ်းမံ)သင်တန်းသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးချုပ်(နေပြည်တော်) ငွေစာရင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး (ဘဏ္ဍာရေး)အပါအဝင် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မကွေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တက်ရောက်သင်ကြားပို့ချပေးသည်။
အဆိုပါ ဘဏ္ဍာရေးဆိုင်ရာ မွမ်းမံသင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးအရာရှိ(ဘဏ္ဍာရေး)နှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ရုံးများမှ တာဝန်ခံစာရင်းကိုင်များအပါအဝင် သက်ဆိုင်ရာ ခရိုင်အလိုက် ငွေစာရင်းဝန်ထမ်းများ စုစုပေါင်း သင်တန်းသားဦးရေ ၂၂ ဦးတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက် အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်