Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်ကိုင်းမြို့၌ ဝန်ထမ်းစွမ်ဆောင်ရည်မြှင့်တင်ရေး အဆင့်မြင့်ကွန်ပျူတာသင်တန်းဆင်း


24 Oct,2025

စစ်ကိုင်းမြို့၌ ဝန်ထမ်းစွမ်ဆောင်ရည်မြှင့်တင်ရေး အဆင့်မြင့်ကွန်ပျူတာသင်တန်းဆင်း

စစ်ကိုင်း အောက်တိုဘာ ၂၄

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီးဌာနဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အဆင့်မြင့်ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးအောင်က သင်တန်းဆင်းအမှာစကား ပြောကြားပါသည်။

ဆက်လက်၍ စစ်ကိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက မိမိတို့ ဦးစီးဌာနရှိ ဝန်ထမ်းများ ကွန်ပျူတာနည်းပညာနှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းတွင်ပို့ချခဲ့သည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြစေလိုကြောင်းပြောကြားပါသည်။

ထို့နောက်    စစ်ကိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက သင်တန်းကာလ ပြီးမြောက်အောင်တက်ရောက်ခဲ့သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပါသည်။

အဆိုပါ အဆင့်မြင့်ကွန်ပျူတာသင်တန်းကို စစ်ကိုင်းခရိုင်ရုံးအပါအဝင် စစ်ကိုင်းမြို့နယ်၊ မြောင်မြို့နယ်တို့မှ သင်တန်းသား သင်တန်းသူ ၁၀ ဦးကို အောက်တိုဘာလ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၁၅ ရက်ကြာ အခမဲ့ ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

သန်းလွင်(မကွေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်