Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တွံတေးမြို့နယ်အတွင်းရှိ ကွန်ကရစ်တံတားအား ကွင်းဆင်းစစ်ဆေး


27 Oct,2025

တွံတေး အောက်တိုဘာ ၂၅

    ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကလီထော်-ရေကျော်-တွံတေး-လှိုင်သာယာလမ်းမကြီးပေါ်တွင် ၁၂ မီတာ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သန်လျင်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးစီးအရာရှိ(မြို့ပြ)၊ အရည်အသွေးစစ်ဆေးရေးတာဝန်ခံတို့က ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

      အဆိုပါ ကွန်ကရစ်တံတား တည်ဆောက်ခြင်းအားဖြင့် အကျိုးပြု ကျေးရွာသုံးရွာမှ လူဦးရေ ၃၃၅၇ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန် ရောင်းဝယ်ဖောက်ကားရေးတို့ကို များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 မျိုးလှိုင်(တွံတေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်