Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတီတောင် - ဆင်တောင် လမ်းပိုင်း၌ တောင်ပြိုမြေဖယ်ရှားခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ


27 Oct,2025

သာစည် အောက်တိုဘာ ၂၆

     မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တောင်ပေါ်ဒေသဖြစ်သည့် စေတီတောင်-ဆင်တောင် လမ်းပိုင်း တောင်ပြိုမြေဖယ်ရှားခြင်းနှင့် ဖို့မြေ/ဖြတ်မြေ လုပ်ငန်း ဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည်။

    အဆိုပါ တောင်ပြိုမြေဖယ်ရှားခြင်းနှင့် ဖို့မြေ/ဖြတ်မြေလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံ ငွေကျပ် ၈၁ ဒသမ ၁၀ဝ သန်းဖြင့် လမ်းအရှည် ၀ ဒသမ ၄၅၇ ကီလိုမီတာကို ခေတ်သစ်ကြယ်တံခွန် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ဆောင်ရွက်ပြီးပါက ကျေးရွာ ကိုးရွာ၊ အိမ်ခြေ ၇၆၂ အိမ်နှင့် လူဦးရေ ၃၆၂၇ ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှု ရေးကိစ္စရပ်များအတွက် သွားလာရေး အဆင်ပြေ ချောမွေ့လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

      အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုကို မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက  အောက်တိုဘာ ၂၅ ရက်တွင် ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်