မိုင်းဆတ် အောက်တိုဘာ ၂၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်တွင် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေများဖြင့် ကျေးလက်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာ ၂၄ ရက်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ထိန်းသိမ်းရေး) ဦးဝင်းကျော်မျိုး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့် တာဝန်ရှိသူများက မိုင်းတုံမြို့နယ်ရှိ ပိန်းမုံ-ဝမ်ပုံလမ်း ကျောက်ချောလမ်းခင်းခြင်းကို လည်းကောင်း၊ မိုင်းဆတ်မြို့နယ်ရှိ Mother Diamond ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဝိန်းလိတ်လမ်းကတ္တရာခင်းခြင်းကို လည်းကောင်း၊ ဝိန်းလိတ်တံတား တည်ဆောက်ခြင်းလုပ်ငန်း (ပထမပိုင်း) နှင့် Mai Sone Mong Tai ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် ပူနားကို-အားဆော်ပေါ်မိုးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း မဆောင်ရွက်မီ အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ထိန်းသိမ်းရေး)က သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်