Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု


27 Oct,2025

ဟိုပုံး အောက်တိုဘာ ၂၆

    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးရဲခေါင်ထွန်း၊ စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမင်းလတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ကြွယ်ကြွယ်ဝင်းနှင့် တာဝန်ရှိသူတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၇၄ ဒသမ ၉၈၇ သန်းဖြင့် ဆောင်ရွက်သည့် အောင်ပွဲ-ကုန်းတလေး-တဖူးကိုင်း-လွယ်တဝိုင်း-ဟိုနမ့်လမ်း မြေသားလမ်းမှကတ္တရာခင်းခြင်းလုပ်ငန်း (၀/၃)မိုင်ကို လည်းကောင်း၊ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၁၅ ဒသမ ၆၃၅ သန်းဖြင့် ဆောင်ရွက်သည့် ကုန်းသာ-လွယ်တဝိုင်း-ချေးပေး- ဒုံမေးခိုး-နမ့်ပါချီး-ညောင်မွန်း လမ်းမြေသားလမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၂)မိုင်ကို လည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်