ဆီဆိုင် အောက်တိုဘာ ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု/ ပြည်နယ် ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်သည့် နေရာများ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးရဲခေါင်ထွန်း၊ စီမံကိန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမင်းလတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ကြွယ်ကြွယ်ဝင်းနှင့် တာဝန်ရှိသူများက ဆီဆိုင်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၉ ဒသမ ၇ သန်းဖြင့် ထက်ဓနအောင် ကုမ္ပဏီမှ ဆောင်ရွက်သည့် မိုက်တီး - နောင်ဘို လမ်းပေါ်ရှိ ပေ ၂၀ သံကူကွန်ကရစ်ကြမ်းခင်း တံတားတစ်စင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ ကျပ် ၂၂၇ ဒသမ ၇ သန်းဖြင့် ပြည့်ကောင်းကုမ္ပဏီမှ ဆောင်ရွက်သည့် မကောက်(နောက်)- နောင်လိတ်-ကွန်မွန်း-ဖာလိုင်- ပန်ကန်းလေး-KFW (လမ်းခွဲ) လမ်းပေါ်ရှိ ပေ ၄၀ သံပေါင်သံကူကွန်ကရစ် တံတားတစ်စင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၅၀ ဒသမ ၀၀ သန်းဖြင့် ဆောင်ရွက်သည့် ကုန်းဆွတ်-လာဇရူး- တောင်သာ-တရောက်-ဖာလိုင် လမ်းပေါ်ရှိ ပေ ၂၀၀၊ (61m) သံကူကွန်ကရစ် တံတား(ပထမပိုင်း) တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်