Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်းတယမြို့နယ်၌ ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်း ကွင်းဆင်းကြည့်ရှု


27 Oct,2025

ပင်းတယ ... အောက်တိုဘာ ၂၄

     ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပွေးလှကျေးရွာနှင့် နန်းကုန်းကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို အောက်တိုဘာ ၂၃ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲခေါင်ထွန်း၊ ညွှန်ကြားရေးမှူး ဦးဝင်းမင်းလတ် တို့နှင့်အတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဝေဝေလွင်ဖြိုး၊ ၊ဦးစီးအရာရှိ(မြို့ပြ) ဒေါ်တင်တင်ထွေးတို့ ကွင်းဆင်းစစ်ဆေးကြသည်။

     အဆိုပါ ပွေးလှကျေးရွာနှင့်နန်းကုန်းကျေးရွာချင်းဆက် ကတ္တရာလမ်းအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ ကျပ် ၁၃၈ ဒသမ ၀၁၉ သန်းဖြင့် လမ်းအရှည် ၀/၃မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ကိုးလက်မရှိပြီး ဓနုသီဟကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်