Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


27 Oct,2025

တောင်ကြီး အောင်တိုဘာ ၂၇

ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ အသင်း အချင်းချင်းပံ့ပိုးငွေ၊ သက်တန့်ရောင်စီမံကိန်းရန်ပုံငွေတို့ဖြင့် လုပ်ငန်းများဆောင်ရွက်လျက် ရှိသော ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများအား သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနနှင့် တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်နှင့် ပင်းတယမြို့နယ်သမဝါယမဦးစီးဌာန တို့မှတာဝန်ရှိသူများနှင့် သမဝါယမအသင်းအဆင့်ဆင့်မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုးစပါးစီမံကိန်း(သက်တန့်ရောင်စီမံကိန်း)မှ မိုးစပါး စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် တောင်ကြီးမြို့နယ်သမဝါယမအသင်းများမှ စိုက်ပျိုးထား သော ရွှေရင်အေး၊ ရွှေအပ်စပါးမျိုးစိုက်ဧက ၇၀၀၊ ညောင်ရွှေမြို့နယ်မှ ရွှေရင်အေးနှင့် ရွှေအပ်စပါးမျိုး စိုက်ဧက ၃၈၀ နှင့် ကလောမြို့နယ်မှ ရွှေရင်အေးနှင့် ရွှေအပ်စပါးမျိုး စိုက်ဧက ၃၅၀ တို့ကို ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး အသင်းမှထွက်ရှိလာသည့် စပါးများ အား ဈေးကွက်ပိုမိုရရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းစုတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ရှမ်းပြည်နယ်အနေဖြင့် မိုးစပါးစီမံကိန်းအား မြို့နယ်(၁၄)မြို့နယ်ရှိ  သမဝါယမအသင်း (၃၄)သင်းမှ မိုးစပါးစိုက်ဧက ၅၀၉၆.၅ ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး၊ မွေးမြူရေး ကဏ္ဍတွင် မြို့နယ်(၆)မြို့နယ်ရှိ သမဝါယမအသင်း(၇)သင်းမှ နွားကောင်ရေ ၃၈၀ အား မွေးမြူထားရှိကြောင်းနှင့် ဆောင်းနေကြာစီမံကိန်းကို မြို့နယ်(၃)မြို့နယ်မှ စိုက်ဧက ၅၀၀၀ အား စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိပြီး  ထွက်ရှိလာသည့် သီးနှံများကို ရှမ်းပြည်နယ် အတွင်းရှိ သမဝါယမအသင်းအချင်းချင်းချိတ်ဆက်ဝယ်ယူ၍ သမဝါယမအသင်းပိုင် ဆီစက် များတွင် စနစ်တကျ ကြိတ်ခွဲကာ သက်သာသောဈေးနှုန်းများဖြင့် သမဝါယမအသင်းသားများ သာမက အများပြည်သူများသို့ပါ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်