ဇေယျာသီရိမြို့နယ် ဥယျာဉ်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး
************************************************************************
နေပြည်တော် အောက်တိုဘာ ၂၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် နန်းဩကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို အောက်တိုဘာ ၂၇ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦး၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက ကျေးရွာရေရရှိရေး ကော်မတီဝင် များနှင့်အတူ ဥယျာဉ်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ အရည်အသွေးပြည့်မီကောင်းမွန်ရေးနှင့် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး လိုအပ်သည်များ မှာကြားခဲ့သည်။
ဇေယျာသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာ၌ အကျယ် လေးလက်မခွဲ၊ အနက်ပေ၄၀၀ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ အလျား ငါးပေ၊ အနံ ငါးပေ၊ အမြင့် ခုနှစ်ပေရှိ ရေစက်ရုံတည်ဆောက် ခြင်း၊ ဂါလံ ၂၄၀၀ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီရန်ပုံငွေကျပ် ၅၇ ဒသမ ၄၉၆သန်း အသုံးပြုကာ ဌာနမှ ဝန်ထမ်းများစုဖွဲ့၍ ယခုနှစ် စက်တင်ဘာ ၁၈ရက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းပြီးဆုံး၍ တစ်နာရီလျှင် ရေဂါလံ ၁၀၀၀ ထွက်ရှိပြီး ကျန်ရှိရေရရှိရေးဆက်စပ်လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်