ရမည်းသင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး
ရမည်းသင်း အောက်တိုဘာ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ကန်ဘဲ့ကျေးရွာနှင့် သိမ်ကုန်းကျေးရွာတို့၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ရမည်းသင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် တာဝန်ရှိသူများက ကျေးရွာစိုက်ပျိုးတောင်သူများနှင့်အတူ ကန်ဘဲ့ကျေးရွာနှင့် သိမ်ကုန်းကျေးရွာတို့၌ ဆီထွက်သီးနှံ နေကြာအပါအဝင် ဒေသနှင့်ကိုက်ညီသည့် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
ကန်ဘဲ့ကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာ ၇ ဒသမ ၃၂ ကီလိုဝပ်တပ်ဆင်ခြင်းနှင့် မြင်းကောင်ရေ သုံးကောင်ရှိ ရေမြုပ်ပန့်တပ်ဆင်ခြင်းလုပ်ငန်းကို ငွေကျပ် ၃၉ ဒသမ ၉၁၂ သန်းဖြင့်လည်းကောင်း၊ သိမ်ကုန်းကျေးရွာ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာ ၂ ဒသမ ၂ ကီလိုဝပ်တပ်ဆင်ခြင်းနှင့် မြင်းကောင်ရေ နှစ်ကောင်ရှိ ရေမြုပ်ပန့်တပ်ဆင်ခြင်းလုပ်ငန်းကို ငွေကျပ် ၁၉ ဒသမ ၃၄ သန်းဖြင့်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိ ကျေးရွာတောင်သူ ၄၀ ဦးအတွက် စိုက်ပျိုးမြေဧက ၁၀၀ ကျော် အကျိုးပြုမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်ထံမှ သိရသည်။
သန်းလွင်(မကွေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်