Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်မြို့တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့


27 Oct,2025

မြိတ်    အောက်တိုဘာ    ၂၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွား မြှင့်တင် ရေးရန်ပုံငွေဖြင့် ဝန်ဖို့ကျေးရွာရှိ ပေါ်ဆန်းရင်လယ်ယာနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း များမှ အသင်းသားတောင်သူများ စိုက်ပျိုးခဲ့ကြသည့် မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းချွေလှေ့နေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုအားပေးကြသည်။

အသင်းသားတောင်သူ(၅၈)ဦး၏ မျိုးစပါးစိုက်ခင်း(၆၅၅)ဧကတွင် ဆင်းသုခ၊ မှော်ဘီ၊ GW-11 မျိုးစပါး အမျိုးအစားများဖြင့် စိုက်ပျိုးခဲ့ကြပြီး တောင်သူများ၏ မိုးစပါးရိတ်သိမ်းချွေလှေ့နေမ အား  မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ကြသည်။

တောင်သူများ၏ မိုးစပါးစိုက်ခင်းများ၌ (၁)ဧကအထွက်နှုန်းများတိုးစေရန် စပါးစိုက်ခင်းများ တွင် မြေဩဇာများ အချိန်ကိုက် အချိုးကျထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကျရောက်မှုမရှိစေရေးကို ဂရုစိုက်ဆောင်ရွက်ခဲ့ကြသဖြင့် ရိတ်သိမ်းချွေလှေ့ရာတွင် ယခင်နှစ်ကထက် စပါးအထွက်နှုန်း ပိုမိုရရှိခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။ 

မြိတ်မြို့နယ်၌ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်း(၆)သင်းမှ အသင်း သားတောင်သူ(၁၅၃)ဦးသည် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးဧက(၁၅၇၄)စိုက်ပျိုးထားရှိပြီး သမဝါယမကဏ္ဍမှ ပန်းတိုင်အထွက်နှုန်း တိုးတက်လာ စေရန်နှင့် (၁)ဧကအထွက်နှုန်းများတိုးစေရန် မြို့နယ်သမဝါယမဦးစီးဌာနမှ အသင်းသားတောင်သူ များကို ကျပ်သန်း(၃၁၄.၈)နှင့်ညီမျှသော သွင်းအားစုများကို ပေးအပ်ထားရှိကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်