နေပြည်တော် အောက်တိုဘာ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းများကိုယ်တိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့ရက်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပရာ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ သမဝါယမ အသင်းပိုင်မြေအဆာက်အဦပိုင်ဆိုင်သည့် အသင်း ၁၈ သင်းတို့မှဥက္ကဋ္ဌနှင့် အမှုဆောင်များ တက်ရောက်ကြကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တက်ရောက်လာကြ သူများက သမဝါယမအသင်းပိုင်မြေနှင့် အဆောက်အဦများတွင် သမဝါယမအသင်းများ၊ အသင်းကိုယ်ပိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးနှင့် အသင်းပိုင်ပိုင်ဆိုင်မှုဆိုင်ရာများ ခိုင်မာမှုရှိ စေရေးအတွက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော အသင်းအမှုဆောင်များက အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြ ဆွေးနွေးကြရာ တင်ပြချက်များအပေါ် နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်