Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ရွှေမြို့နယ်၌ မိုးစပါးစိုက်သမဝါယမအသင်း တောင်သူများအား စိုက်ပျိုးရေးအသိပညာပေး


27 Oct,2025

ညောင်ရွှေ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ သမဝါယမအသင်းများမှ GW-11 အထွက်တိုးစပါး စံပြစိုက်ကွက်စိုက်ပျိုးထားသည့် မိုးစပါးစိုက်သမဝါယမအသင်းများ၏ စိုက်ခင်း များကို တာဝန်ရှိသူများက ကွင်းဆင်းအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွယ်မော ကျေးရွာ ရွှေမင်းသားစိုက်/ထွေအင်းစိုက်ခင်း၊  ကြည်းထက်ကျေးရွာ မြပုလဲလယ်/ထွေအသင်း စိုက်ခင်းနှင့်  သလဲဦးကျေးရွာ ရောင်နီဦးလယ်/ထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ များ၏ စိုက်ဧကများ၌ ဆောင်ရွက်သည်။

ကွင်းဆင်းဆောင်ရွက်ခြင်းကို ညောင်ရွှေမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများ ဂရိတ်ဝေါကုမ္ပဏီမှ စိုက်ပျိုးရေးပညာရှင် ဒေါ်ရင်ရင်မာနှင့် တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မိုင်ပျိုး ကျေးရွာအုပ်စု ကြည်းထက်ကျေးရွာ စာကြည့်တိုက်၌ မိုးစပါးစိုက်သမဝါယမအသင်းသား တောင်သူ များအား နွေးစပါး/မိုးစပါးစိုက်ပျိုးခြင်းနှင့် ဆီနေကြာစိုက်ပျိုးခြင်းနှင့်ပက်သက်၍ ဆောင်ရွက်သင့် သည့်နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အသင်းသား တောင်သူများ၏ မေးမြန်းချက်များကို  ဖြေကြားပေးခဲ့ကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်