Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျော်ဘွယ်မြို့နယ် ဖက်တောကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


29 Oct,2025

ပျော်ဘွယ်မြို့နယ် ဖက်တောကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး

‎‎ပျော်ဘွယ်  အောက်တိုဘာ   ၂၉
မန္တလေးတိုင်းဒေဒေသကြီး၊ ‎ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု(မူလ)ရန်ပုံငွေဖြင့် ဖက်တောကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ  ဒုတိယညွှန်ကြားရေးမှူးချုပ်(မီးလင်းရေး၊ဝယ်ဖြန့်) ဦးမောင်ဝင်း၊ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်း‎နှင့် တာဝန်ရှိသူများက   ကျေးရွာစိုက်ပျိုးရေရရှိရေးကော်မတီဝင်များနှင့်အတူ ဖက်တောကျေးရွာ၌ စက်ရေတွင်း၊ (3.54 KW ) (590W) ၆ ချပ်၊ 2HP Pump  တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(မီးလင်းရေး၊ဝယ်ဖြန့်) ဦးမောင်ဝင်းက လုပ်ငန်းများရေရှည်လည်ပတ်အသုံးပြုနိုင်ရေး စနစ်တကြထိန်းသိမ်းအသုံးပြုကြရန်နှင့် လယ်ယာထွက်ကုန်သီးနှံများ နှစ်သီးစားစိုက်ပျိုးဆောင်ရွက်ကြရန်လမ်းညွှန် မှာကြားခဲ့သည်။ 
‎‎ဖက်တောကျေးရွာ၌ အဆိုပါ ဆိုလာစနစ်သုံးရေရရှိရေးလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(မူလ)ရန်ပုံငွေ ၁၉ ဒသမ ၃၄ ကျပ်သန်း အသုံးပြုပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး‌တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ဇူလိုင်လ ၂၇ ရက်‌နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်၊၊ 
‎ဇင်မာ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်