ပြင်ဦးလွင် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၇၂ ဒသမ ၂၅ သန်းဖြင့် ဌာနကတာဝန်ယူဆောင်ရွက်လျက်ရှိသော ပြင်ဦးလွင်မြို့ရှောင်လမ်းမှနောင်လှိုင်ကျေးရွာဆက်သွယ်သောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့ နံနက်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်မင်းမင်းမြင့် က ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးပြုကျေးရွာငါးရွာ၊ အိမ်ခြေ ၉၆၄ အိမ်၊ လူဦးရေ ၃၈၆၇ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန်ရောင်းဝယ်ဖောက်ကားရေးတို့ကို များစွာ အကျိုးပြုမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်