Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ပညာရေးဝန်ဆောင်မှု ပုဂ္ဂလိကစာသင်ကျောင်းဆောင် ပန္နက်တင်


30 Oct,2025

မုဒုံ      အောက်တိုဘာ      ၃၀

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သမဝါယမအသင်းစုလီမိတတ်၏ ပညာရေးဝန်ဆောင်မှု ပုဂ္ဂလိက စာသင်ကျောင်းဆောင် ဆောက်လုပ်မည့်မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနားကို မြို့မ(၁)ရပ်ကွက် မြို့နယ်အားကစားကွင်းအရှေ့ရှိ မြေနေရာ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် ဆောက်လုပ်ရေးတာဝန်ခံအင်ဂျင်နီယာတို့က မုဒုံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ပညာရေး ဝန်ဆောင်မှု ပုဂ္ဂလိကစာသင်ကျောင်းဆောင်ဆောက်လုပ်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပညာရေးဝန်ဆောင်မှု ပုဂ္ဂလိကစာသင်ကျောင်းဆောင်ဆောက်လုပ်မည့် မြေနေရာအား ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဋ္ဌေးမြင့်အေး၊ ပြည်နယ်ဝန်ကြီးများက ပန္နက်တင် မင်္ဂလာပြုပေး၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ယင်းနောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာသင်ကျောင်းဆောင် အသစ် ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်