Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်၌ မိုးဝါများခူးဆွတ်မှု ကွင်းဆင်းအားပေးကြည့်ရှု


30 Oct,2025

မိတ္ထီလာ အောက်တိုဘာ ၃၀

မိတ္ထီလာမြို့နယ် လှည်းပွဲကျေးရွာ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း မှအသင်း သား တောင်သူ ဦးချစ်မြိုင်၏ မိုးဝါ(၂)ဧက စိုက်ခင်းတွင် မိုးဝါဆွတ်ခူးနေမှုအား မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးနှင့်တာဝန်ရှိသူများ ကွင်းဆင်း အားပေး ကြည့်ရှုခဲ့ကြောင်းသိရသည်။

ထိုသို့အားပေးကြည့်ရှုရာတွင် လက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးဦးဆောင်၍ မြို့နယ်သမဝါယမ ဦးစီးအရာရှိ၊ ဦးစီးမှူးများ၊ အသင်းစုတာဝန်ရှိသူများနှင့် ရွှေဝါမြေစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်း ဥက္ကဋ္ဌတို့ပါဝင်သောအဖွဲ့က အသင်းသားတောင်သူဦးချစ်မြိုင်၏ မိုးဝါ(၂)ဧကအတွင်း မိုးဝါများ ဆွတ်ခူး နေမှုကို အားပေး ကြည့်ရှုသည်။

အဆိုပါအသင်းသားတောင်သူ၏ (၂)ဧက မိုးဝါစိုက်ခင်းမှ   နှစ်ကြိမ်ခူး ဆွတ်ပြီးစီးချိန်တွင် တစ်ဧက ၁၄၂ ပိဿာ ရရှိပြီးဖြစ်ကာ ကျန်ရှိဝါများခူးဆွတ်ပြီးပါက ပန်းတိုင်အထွက်နှုန်း ၇ဝဝပိဿာ ကျော်ရရှိမည်ဖြစ်သည်။ မြို့နယ်အတွင်း သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးဝါစိုက်ပျိုးသည့် ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းမှ အသင်းသားတောင်သူ ၁၂ဦး၏ မိုးဝါ စိုက်ဧက(၄၁) ဧက ၌   Raka-666 နှင့် TBL-195 ဝါမျိုးများစိုက်ပျိုး ထားရှိသည်။ အဆိုပါအသင်းသားတောင်သူများ စိုက်ပျိုး ထွက်ရှိသည့် မိုးဝါများအား ဈေးကောင်းရရှိရေးနှင့် ဈေးနှိမ် ခံ ရခြင်းမရှိစေရေးအတွက် မြို့နယ် အတွင်း ဝါဝယ် ယူသော   ဝါကြိတ်စက်များနှင့်   ချိတ်ဆက်ညှိနှိုင်းပေးခြင်း ကို လက်ထောက်ညွှန်ကြားရေးမှူး နှင့်တာဝန် ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ချမ်းသာ

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်