ဒိုက်ဦး အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့်ဆောင်ရွက်ထားသည့် ရွှေလွင်မြေစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိ တက်က စိုက်ပျိုးထားသော YSR-1 (အောင်နိုင်တိုး)စပါးစံပြစိုက်ခင်း၊ မိုးစပါးစံပြကွက်ရိတ်သိမ်းမှုကို ပျဉ်းမလွင်ကျေးရွာရှိ တောင်သူ ဦးဇော်ဝင်းသိန်း၏ လယ်မြေ၌ ရိတ်သိမ်းခဲ့သည်။
အဆိုပါ မိုးစပါးစံပြကွက်ရိတ်သိမ်းနေရာသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံအသင်းသားတောင်သူများက စပါးရိတ်ခြွေ စက်ဖြင့် ရိတ်ခြွေနေမှုများကိုကြည့်ရှုခဲ့ပြီး စိုက်ပျိုးထားသည့် YSR-1(အောင်နိုင်တိုး)စပါးစံပြစိုက်ခင်း ကို ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစို ၁၂၅ တင်း၊ အခြောက် ၁၁၀.၅ တင်း ထွက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်