 
             
                
                
 လွိုင်လင် - အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ခဲလောင်း - ပန်ကျောင်း ကျေးရွာချင်းဆက် ကျောက်လမ်း ခင်းခြင်းလုပ်ငန်းသည် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
အဆိုပါ ခဲလောင်း - ပန်ကျောင်း ကျေးရွာချင်းဆက် ကျောက်လမ်း ဆောင်ရွက်ပြီးစီးမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးရဲခေါင်ထွန်းနှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) တို့က ယမန်နေ့နံနက်ပိုင်းတွင် လုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ခဲလောင်း - ပန်ကျောင်း ကျေးရွာချင်းဆက်လမ်းသည် ၁/၄ မိုင်၊ ၁၆ ပေ ၉ လက်မ ရှိကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၄၇ ဒသမ ၉ သန်းဖြင့် ဆောင်ရွက်ကြောင်းနှင့် ယခုအခါ လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်