မြစ်ကြီးနား အောက်တိုဘာ ၂၉
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်မြစ်ကြီးနားမြို့နယ်၌ နမ့်ကွေ့ချောင်းကူးတံတားချဉ်းကပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနများကို အောက်တိုဘာလ ၂၉ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ်(မြို့ပြ)ဦးလှခိုင်၊ ပြည်နယ်ဦးစီးမှူး ဦးမင်းဆွေနှင့် တာဝန်ရှိသူများသည် မော်ဖောင်းကျေးရွာအုပ်စုနှင့် နမ့်ကွေ့ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသော နမ့်ကွေ့ချောင်းကူးတံတားချဉ်းကပ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူးက တာဝန်ရှိသူများ၏တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါချဉ်းကပ်လမ်းသည် အရှည်၁ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၇ လက်မ ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ် ခွင့်ပြုငွေအသုံးပြုကာ မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက ယခုနှစ် ဇွန်လ တတိယပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း များ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ အဆိုပါလမ်းအား အသုံးပြုနေသည့် ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ ရာသီမရွေးသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ချိုသန်းညွန့်(ကျေးလက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်