Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့၌ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ


30 Oct,2025

မြစ်ကြီးနား အောက်တိုဘာ ၂၉

      ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးလှခိုင်နှင့် ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းများနှင့်တွေ့ ဆုံပွဲကို ယမန်နေ့က အဆိုပါပြည်နယ်ဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

     တွေ့ဆုံရာတွင် အင်ဂျင်နီယာချုပ်က နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ကျေးရွာချင်းဆက်လမ်း၊ တံတားလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

     ဆက်လက်၍ ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းဆွေနှင့် ခရိုင်ဦးစီးမှူးများက ယခုဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာချင်းဆက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို Power Point များဖြင့် ရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်ကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

     တွေ့ဆုံပွဲသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ချိုသန်းညွန့် (ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်