Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်တွင် မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါခူးဆွတ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


31 Oct,2025

မြစ်သား   အောက်တိုဘာ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊မြစ်သားမြို့နယ်တွင် သမဝါယမကဏ္ဍမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်  မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမ အသင်းစုပိုင်‌ငွေဖြင့် ဆောင်ရွက်သည့် မိုးဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စား ယက်ကန်း လုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့်အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ တောင်တောကုန်းကျေးရွာရှိ တောင်တောကုန်းစိုက်ပျိုး‌ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးသန်းရွှေ၏ ကွင်းအမှတ်( ၅၄၉/က) ရှိ ဦးပိုင်အမှတ် (၂၃/၂)စိုက် ဧက(၃)ဧကတွင်ဝါမျိုး TBL-195 ဝါစိုက်ခင်းအောင်မြင် ဖြစ်ထွန်းပြီး ဝါခူး ဆွတ်နေမှုများကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများ က  ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင်  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက  မိုးဝါပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် အသင်းသား‌ တောင်သူ(၈၁)ဦး ၏မိုးဝါစိုက်ပျိုး ဧက(၆၆၀)ဧက အတွက် ကျပ်သန်း ၇၅.၅၀၀နှင့် ညီမျှသော တောင်သူစိတ်ကြိုက်မျိုး နှင့်သွင်းအား စု၊ ဓာတ်မြေဩဇာ၊ သဘာဝဓာတ် ဖျန်း‌မြေသြဇာများပံ့ပိုးပေးခဲ့ပြီး ထွက်ရှိလာသော ဝါများကို မြို့နယ်အတွင်းရှိ ဝါကြိတ်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးထားကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းသား‌တောင်သူ ဦးသန်း‌ရွှေကမိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ ပြီးဝါခူးဆွတ်မှု အကြိမ်(၆)ကြိမ်ခူးဆွတ်ခူးပြီး ဖြစ်၍ကျန်ရှိနေသောဝါများကို ဆက်လက်ခူးဆွတ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါကြည့်ရှုစစ်ဆေးရာသို့  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှတာဝန်ရှိသူများနှင့် ဒေသခံအသင်းသား တောင်သူများ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်