သန်လျင်၊ အောက်တိုဘာ ၃၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “(၂၉)ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ” အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သန်လျင်မြို့၊ ဝိသုဒ္ဓါရာမဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အမှူးပြုသည့် သံဃာတော်အရှင်သူမြတ် (၅)ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား၊ စီမံဌာနများမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။
ဦးစွာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး ပါမောက္ခချုပ် နှင့် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းမိသားစုများသည် သန်လျင်မြို့၊ ဝိသုဒ္ဓါရာမဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ထံမှ (၅)ပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူခဲ့ကြပါသည်။
ဆက်လက်ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်တကွ အလှူရှင်များမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ၎င်းနောက် ဝိသုဒ္ဓါရာမဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် သံဃာတော်အရှင်သူမြတ်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်တကွ အလှူရှင်ဝန်ထမ်း မိသားစုများမှ နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဝန်ထမ်းမိသားစုများအား ရွှေတောင်ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ (၂၉)ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် (၉)ခုအပါအဝင် ငွေသားနှင့်ပစ္စည်း စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၁၀၇၀၇၈၀၀/- ဖြစ်ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်