Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်မရောမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


31 Oct,2025

ကျိုက်မရော အောက်တိုဘာ ၃ဝ

            မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ငွေလုံး ငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို မော်လမြိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂၈ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

            ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ကျိုက်မရော(ပြန်/ ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်