Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နမ့်စန်မြို့နယ် ခါနန်-မလန်ခမ်း ကျေးရွာချင်းဆက်လမ်းပေါ်၌ သဲဖြုန်းခင်းနေမှု စစ်ဆေး


31 Oct,2025

နမ့်စန် အောက်တိုဘာ ၃၀

              ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ခါနန်-မလန်ခမ်း ကျေးရွာချင်းဆက်လမ်းပေါ်၌ သဲဖြုန်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲခေါင်ထွန်း၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမင်းလတ်၊ လွိုင်လင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်သက်နိုင်၊ နမ့်စန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ (မြို့ပြ) ဒေါ်ဝင်းပပမျိုးနှင့် တာဝန်ရှိသူများက ခါနန်-မလန်ခမ်း ကျေးရွာချင်းဆက်လမ်းပေါ်၌ သဲဖြုန်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲခေါင်ထွန်းက လုပ်ငန်းများ အရည်အသွေးပြည့်မီ ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

             အဆိုပါ ခါနန်-မလန်ခမ်း ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင် နှစ်ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ၁ ဒသမ ၄ လက်မ ရှိ သဲဖြုန်းခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၁၀၄ ဒသမ ၈၃၆ သန်း အသုံးပြု၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက် ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်