Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာယာဝတီမြို့နယ်အတွင်း အောင်နိုင်တိုးမိုးစပါးရိတ်သိမ်းမှုအခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး


31 Oct,2025

သာယာဝတီ  အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်းဖြင့်ဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူ ဦးစောထွန်းထွန်းဦး၏ မိုးစပါးသီးနှံ အောင်နိုင်တိုးမျိုးစပါးရိတ်သိမ်းမှုအခြေအနေအား သာယာဝတီ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ သာယာဝတီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ သာယာဝတီမြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာယာဝတီမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်းဖြင့် ဆောင်ရွက်ထား သည့် အသင်း(၁)သင်း၊ အသင်းသားတောင်သူ(၄၄)ဦး၏ မိုးစပါးသီးနှံစိုက်ပျိုးဧက ၂၀၀ အနက် ကျွန်းကုန်းအုပ်စု၊ ကျွန်းကုန်းကျေးရွာရှိ ကျွန်းကုန်းစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်းမှ တောင်သူ ဦးစောထွန်းထွန်းဦး၏ အောင်နိုင်တိုး(YSR-1)စပါး ဧက ၁၀ ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးတင်းအထွက်နှုန်း တင်း ၁၂၀ ထွက်ရှိခဲ့ကြောင်းနှင့် တာဝန်ရှိသူများက အခြားလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်