Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ငပုတောမြို့နယ် သဲကုန်းကြီး-ဆင်ကူးကြီး ကျောက်ချောလမ်းသစ်အား တက်ရောက်ဖွင့်လှစ်


05 Nov,2025

ပုသိမ် နိုဝင်ဘာ ၂

            သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် သဲကုန်းကြီး-ဆင်ကူးကြီး ကျောက်ချောလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ လမ်းသစ်တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် တို့သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးသည်။

            ဦးစွာ သဲကုန်းကြီး-ဆင်ကူးကြီး ကျောက်ချောလမ်းသစ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

            ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်ချောလမ်းသစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်သည်။

            အဆိုပါလမ်းသည် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၃ ဒသမ ၁၂ ဖာလုံ၊ လမ်းအကျယ် ၁၆ ပေရှိကြောင်းနှင့် အကျိုးပြုကျေးရွာ ၁၆ ရွာ၊ အကျိုးပြုအိမ်ခြေ ၂၉၀၂ အိမ်၊ အကျိုးပြုလူဦးရေ ၁၆၁၁၃ ဦး ရှိမည်ဖြစ်ကြောင်း သိရသည်။

           ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ် သဲကုန်းကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ လူပုကျေးရွာအခြေခံ ပညာအထက်တန်းကျောင်း (ခွဲ)၊ ညောင်ဝိုင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များသို့ သွားရောက်၍ စာသင်ဆောင်များ ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများနှင့်တွေ့ဆုံပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးများကို အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။

          ယင်းနောက် ဆရာ ဆရာမများက စဉ်ဆက်မပြတ်အတန်းစဉ် ကူးပြောင်းမှုရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းဆောင်လိုအပ်ချက်များနှင့် ဝန်ထမ်းအိမ်ရာ လိုအပ်ချက်များ တင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆရာ ဆရာမများနှင့် ဒေသခံ ကရင်တိုင်းရင်းသား ရိုးရာအကအဖွဲ့အား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်