ပန်းတောင်း နိုဝင်ဘာ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးထွန်းဝေ(ပဲခူးတိုင်းတာဝန်ခံ)သည် အောက်တိုဘာ ၂၉ ရက်က ပန်းတောင်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ(ပဲခူးတိုင်းတာဝန်ခံ)သည် ပြည်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝဏ္ဏနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာအဖွဲ့တို့နှင့်အတူ ပန်းတောင်းမြို့နယ်သို့သွားရောက်ပြီး ပန်းတောင်း-ဒေါင်းမြတ်နားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါလမ်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူကာ (၂/၅ မိုင် မှ ၃/ဝ မိုင်အတွင်း) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပေါင်းတည်မြို့နယ် ဘုရားငါးဆူ-နွားခြံကုန်းလမ်း လမ်းတာပေါင်ချဲ့ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ အဆိုပါ ပေါင်းတည်မြို့နယ်ရှိ ဘုရားငါးဆူ-နွားခြံကုန်းလမ်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် VFE ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး လမ်းတာပေါင်ချဲ့ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရ သည်။
သက်ထက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်