အိမ်မဲ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘုရားကြီးကုန်းကျေးရွာ ထွန်းရွေဝါကြီး အသင်းမှ တောင်သူ ဦးထွန်းထွန်း၏ ကွင်းအမှတ် ၃၅(က)၊ ဦးပိုင်အမှတ် ၃၆/၃ လယ်မြေ (၅)ဧကတွင် မိုးစပါးအထွက်တိုး GW-11 စပါးမျိုးစံကွက်ရိတ်သိမ်းပွဲကို ဆောင်ရွက်ခဲ့ကြသည်။
အိမ်မဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် အသင်း(၄)သင်း၊ အသင်းသားတောင်သူ(၁၄၂)ဦး၏ မိုးစပါးသီးနှံ စိုက်ပျိုးဧက ၁၂၀၀ အနက် ဘုရာကြီးကုန်းကျေးရွာမှ ထွန်းရွေဝါကြီးစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ တောင်သူ ဦးထွန်းထွန်း၏ လယ်မြေ(၅)ဧကတွင် GW-11 စပါးမျိုး စံကွက်ရိတ်သိမ်းရာ တစ်ဧကအစိုအထွက် တင်း(၁၁၀)၊ အခြောက်တင်း (၁၀၀)ထွက်ရှိကြောင်းနှင့် အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ချစ်သက်လယ် (အိမ်မဲ၊ ပြန်/ဆက်)
ဧရာဝတီတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်