Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


05 Nov,2025

မြစ်သား အောက်တိုဘာ ၃၁

            မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု တိုင်းဒေသကြီး ငွေလုံးငွေရင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတို့ဖြင့် ဌာနကတာဝန်ယူ ဆောင်ရွက်လျက်ရှိသော အမှတ်(၄) ခရိုင်ပတ်လမ်း (မြင်းခြံကုန်း-ခံတက္ကုန်း-နှမ်းခင်း- ရွှေစေတီလမ်း) ဖြစ်သည့် လမ်းအရှည် (၁/၂.၈၃)မိုင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို မြစ်သားမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ တာဝန်ရှိသူများက ယမန် နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

             အဆိုပါလမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးပြုကျေးရွာ ရှစ်ရွာ ၊ အိမ်ခြေ ၁၅၃၇ အိမ်၊ လူဦးရေ ၆၈၁၇ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန် ရောင်းဝယ်ဖောက်ကားရေးတို့ကို များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်