Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကိုင်မြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှုများကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


05 Nov,2025

စဉ့်ကိုင် နိုဝင်ဘာ ၁

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမို အဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကင်းလပ် - မြောက်တောကြီး - တအုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ညောင်ပင်ကြီး- ထန်းသုံးပင်- ကင်းလပ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ကြရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည်။

      အဆိုပါ ကင်းလပ်-မြောက်တောကြီး- တအုံလမ်း အရှည်ပေ ၁၃၂၀၊ အကျယ် ၁၂ပေ၊ ဒု ခုနစ်လက်မရှိ ကွန်ကရစ်လမ်းနှင့် ညောင်ပင်ကြီး-ထန်းသုံးပင်- ကင်းလပ်လမ်း အရှည်ပေ ၁၃၂၀၊ အကျယ် ၁၂ပေ၊ ဒု ၁၅ လက်မ ကတ္တရာလမ်းတို့ကို တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်း ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းပြီးစီးပါက အဆိုပါကျေးရွာများမှ ကျေးရွာသူကျေးရွာသားများ၊ ကျောင်းသား ကျောင်းသူများ၊ ဈေးသွားဈေးလာ သူများ၏ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာပြီး လူနေမှုဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်