ပုလော နိုဝင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ် (၄)ရပ်ကွက် ရွှေဟင်္သာ သမဝါယမအသင်း အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် လယ်ဧက ၆၈ ဧက တွင် မှော်ဘီ(၃) စပါးစိုက်ခင်းများအား ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင် (သမဝါယမကဏ္ဍ) နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးဧက (၂၇၉) ဧကရှိကြောင်း၊ အဆိုပါ မိုးစပါးစိုက်ပျိုး ဧကများကို မကျည်းကုန်းကျေးရွာ၌ ရွေဝါရင်သမဝါယမအသင်း၊ မင်းပြင်ထိန်ကျေးရွာ၌ ထိပ်တန်းရှင် သမဝါယမအသင်း၊ အမှတ်(၂) ရပ်ကွက်၌ ဇီဇဝါသမဝါယမအသင်း၊ အမှတ်(၄) ရပ်ကွက်၌ ရွှေဟင်္သာ သမဝါယမ အသင်း၊ စုစုပေါင်း အသင်း(၄)သင်းမှ အသင်းသား တောင်သူ ၄၀ ဦး ဦးဆောင်၍ မှော်ဘီ (၃)စပါးစိုက်ခင်းများကို စိုက်ပျိုးထားရှိပြီး လျာထားချက်ပြည့်မီရေး တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရှိရသည်။
အေးအေးမော်(ပုလော)
တနင်္သာရီတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်